ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးနှစ်ဦးအား တရုတ်အစိုးရ ဆိုင်းငံ့သေဒဏ်ချမှတ်
- thevoiceofchinland
- 5 days ago
- 1 min read
VOC/ May 7, 2026
တရုတ်အစိုးရဟာ ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ Wei Fenghe နဲ့ Li Shangfu တို့ကို အဂတိလိုက်စားမှုအတွက် ဆိုင်းငံ့သေဒဏ်ချမှတ်လိုက်ကြောင်း မေလ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်စစ်ဘက်တရားရုံးက ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးကို လာဘ်ပေးလာဘ်ယူမှုနဲ့ နှစ်နှစ်ဆိုင်းငံ့နဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်များကို နှစ်နှစ်အကြာမှာ တစ်သက်တစ်ကျွန်းကို ပြောင်းလဲမှာဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်မရှိဘူးလို့ ကြေညာပါတယ်။
Wei (၇၂ နှစ်) ဟာ ၂၀၁၈ မှ ၂၀၂၃ အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး Li (၆၈ နှစ်) ဟာ Wei ရဲ့နေရာကို ဆက်ခံသူဖြစ်ပါတယ်။ Li ဟာ ကာကွယ်ရေးဝန်ကြီးရာထူးကို ၈လမပြည့်ခင် ဖယ်ရှားခံရပြီး နှစ်ဦးစလုံး အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။
တရုတ်ခေါင်းဆောင် Xi Jinping လက်ထက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖယ်ရှားမှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း Wei နဲ့ Li ထက်ရာထူးပိုကြီးတဲ့ ဗိုလ်ချုပ်ကြီး Zhang Youxia ကို ဖယ်ရှားခဲ့ပါတယ်။
ဝါရှင်တန်အခြေစိုက် Center for Strategic and International Studies က ဖေဖော်ဝါရီလမှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ Xi ဟာ ၂၀၂၂ ခုနှစ်ကစပြီး ဗိုလ်ချုပ်ကြီး ၃၆ ဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီးများကို တရားဝင်ရာထူးမှ ဖယ်ရှားခဲ့ပြီး အခြားအရာရှိ ၆၅ ဦးမှာ ပျောက်ဆုံး သို့မဟုတ် ရာထူးမှ ဖယ်ရှားခံလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။ တကြိမ်ထက်မနည်းရာထူးဖယ်ရှားခံရတာကို ထည့်တွက်ရင် စစ်တပ်ရဲ့ ထိပ်တန်းအရာရှိ ၅၂ % ဟာ ရာထူးမှ ဖယ်ရှားခံထားရပါတယ်။
Source - BBC News




Comments