top of page

ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 7
  • 1 min read

VOC/ May 6, 2026


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ လေကြောင်းကနေ ၃ ကြိမ်ဆက်တိုက် ဗုံးကြဲခံရတာကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၆ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲဝန်းကျင်မှာ ဝက်လက်မြို့နယ် စခန်းသာရွာအနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက လွတ်မြောက် နယ်မြေတွေကို မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page