top of page

ဝါရှင်တန်ဒီစီတွင် “Rededicate 250” ၂၅၀ ဂျူဘီလီ ဝတ်ပြုဆုတောင်းပွဲ ကျင်းပ *ဘာသာရေးခွဲခြားမှုရှိဟုဆိုကာ တရားစွဲဆိုခံရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 18
  • 1 min read


VOC/ 17 May 2025


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ National Mall ကွင်းပြင်မှာ “Rededicate 250” နှစ် ၂၅၀ ဂျူဘီလီ ဝတ်ပြုဆုတောင်းပွဲကို မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် (ဒီကနေ့) မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲဟာ အမေရိကန်နိုင်ငံရဲ့ ၂၅၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖို့အတွက် ထရမ့်အစိုးရရဲ့ “Freedom 250” စီမံချက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗီဒီယိုမိန့်ခွန်းကို ပြသခဲ့ပြီး Pete Hegseth၊ Marco Rubio၊ Mike Johnson နဲ့ Tim Scott တို့အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ Franklin Graham၊ Timothy Dolan နဲ့ Alveda King တို့လို ခရစ်ယာန်ဘာသာရေးခေါင်းဆောင် အများစုက ဟောပြောခဲ့ကြပြီး၊ ခရစ်ယာန်မဟုတ်သူတွေထဲကဆိုရင် ရဗ္ဗိုင်း (Rabbi) Meir Soloveichik တစ်ဦးတည်းသာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

အခြားသော ဘာသာတရားတွေကို ချန်လှပ်ထားတယ်လို့ ဆိုကာ "Interfaith Alliance" အဖွဲ့အပါအဝင် ဝေဖန်ကန့်ကွက်သူတွေက ထရမ့်အစိုးရကို တရားစွဲဆိုထားကြောင်း သိရပါတယ်။


Source: Whitehouse



 
 
 

Comments


bottom of page