လက်ပံတန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူငယ် ၄ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ
- thevoiceofchinland
- Apr 23
- 1 min read
VOC/ April 23, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ သဲကောဆည်အနီး ဝန်ကလေး(ဆားချောင်း)ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ရာမှာ ဒေသခံလူငယ် ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ဧပြီလ ၂၂ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ တာလို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်ကနေ ၂၀ ကြားရှိကြတဲ့လူငယ်အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦး နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ယခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဝန်ကလေး(ဆားချောင်း) ရွာမှာ တော်လှန်ရေးအင်အားစုတွေနေထိုင်ခြင်းမရှိသလို တိုက်ပွဲ ဖြစ်ပွားခြင်းလည်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲခဲ့တာလို့ သိရပါတယ်။




Comments