လိုင်းတွီ-ရိခေါဒါရ်လမ်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဟု CDF-Hualngoram အသိပေး
- thevoiceofchinland
- Jun 2
- 1 min read
VOC/ June 2, 2026
ဟွာလ်းငိုးရမ်းဒေသလုံခြုံရေးအတွက် အသွားအလာကန့်သတ်ထားတဲ့ လိုင်းတွီ- ရိခေါဒါရ်လမ်းမကြီးကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုလို့ရပြီလို့ CDF-Hualngoram က အသိပေးထုတ်ပြန်လာပါတယ်။
အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လိုင်းတွီရွာ နဲ့ ရိခေါဒါရ်မြို့အကြားကားလမ်းကို ဒီကနေ့ ဇွန်လ ၂ ရက်နေ့ကစပြီး ပုံမှန်လမ်းအသုံးပြုချိန် မနက် ၆ နာရီကနေ ညနေ ၇ နာရီအတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဟု CDF-Hualngoram က ထုတ်ပြန်ပါတယ်။
တီးတိန်မြို့ကနေ ရိခေါဒါရ်မြို့ကို ဆက်သွယ်ရာမှာ အဓိကလမ်းမကြီးဖြစ်တဲ့ လိုင်းတွီ-ရိခေါဒါရ်လမ်းကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်ရန်ဆိုပြီး မနက် ၆ နာရီကနေ ၁၀ နာရီအထိ နဲ့ ညနေ ၅ နာရီကနေ ၉ နာရီ အတွင်း သာ ဖြတ်သန်းသွားလာကြဖို့ CDF-Hualngoram က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးလိုအပ်ချက်အရ ထုတ်ပြန်ချက်ကို လေးစားလိုက်နာပေးကြတဲ့ လမ်းအသုံးပြုသူ မိဘပြည်သူတွေအပေါ် CDF-Haulngoram က ဖော်ပြထားပါတယ်။





Comments