လုံခြုံရေးအခြေအနေကြောင့် လိုင်တွီး နဲ ရိခေါဒါရ်မြို့ကြား အသွားအလာကန့်သတ်ချက်ထုတ်ပြန်
- thevoiceofchinland
- May 25
- 1 min read
VOC/ May 21, 2026
ချင်းပြည် ဟွာလ်းငိုးရမ်းဒေသအတွင်း လုံခြုံရေးလုပ်ငန်းဆောင်ရွက်ဖို့အတွက် လိုင်တွီးရွာ နဲ့ ရိခေါဒါရ်မြို့ကြား လမ်းမကြီးကို မနက် ၆ နာရီကနေ ၁၀ နာရီအထိ နဲ့ ညနေ ၅ နာရီကနေ ၉ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့် ပြုတယ်လို့ CDF-Hualngoram က ယနေ့ထုတ်ပြန်ပါတယ်။
လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှသာ ပုံမှန်အတိုင်း လမ်းပြန်ဖွင့်ပေးမှာဖြစ်ပြီး လမ်းပိတ်ချိန်အတွင်း လူ/ကား/ဆိုင်ကယ်တွေအားလုံး အကျုံးဝင်တယ်လို့ ဖော်ပြပါတယ်။
ထုတ်ပြန်ချက်ကို မလိုက်နာပါက ဖြစ်ပေါ်လာနိုင်တဲ့ကိစ္စရပ်တွေအပေါ် တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ လုံခြုံရေးအရသတ်မှတ်ထားတဲ့ လမ်းပိတ်ချိန်/လမ်းဖွင့်ချိန်တွေကို အလေးထားလိုက်နာကြဖို့ CDF-Hualngoram က အသိပေးထားပါတယ်။





Comments