top of page

ရခိုင်မှာ စက်လှေတိမ်းမှောက်လို့ လူ ၈ ဦးသေဆုံးပြီး၊ ၂ ဦးပျောက်ဆုံးနေ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 15, 2026


ရခိုင်ပြည် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းကနေ ကျောက်တော်မြို့ကို ဈေးဝယ်လာကြတဲ့ ခရီးသည်တင် စက်လှေ တစ်စင်း တိမ်းမှောက်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မိုးစဲကျွန်းကနေ ကျောက်တော်မြို့ကို ထွက်ခွာလာတဲ့ ခရီးသည် တင်စက်လှေတစ်စင်းဟာ ပုဏ္ဏားကျွန်းမြို့အနီး ကင်းချောင်းမှာ တိမ်းမှောက်ပြီး ရေနစ်မြုပ်ခဲ့တာလို့ ရခိုင်ဘက်ကလာ တဲ့သတင်းတွေကဆိုပါတယ်။

စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၅ ဦး သေဆုံးပြီး နောက်ထပ် နှစ်ဦးလည်း ပျောက်ဆုံးနေ တယ်လို့ ရခိုင်သတင်းဌာနက DMG ကဖော်ြပပါတယ်။

အဲဒီစက်လှေပေါ်မှာ ခရီးသည် ၃၄ ဦး လိုက်ပါလာခဲ့ပြီး အဲဒီထဲက ၈ ဦးမှာ သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေတာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတွေကိုတော့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။

စက်လှေတိမ်းမှောက်တဲ့ ကင်းချောင်းဟာ မိုးရာသီမှာ တောင်ကျရေကြောင့် ရေစီးသန်တဲ့ ချောင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page