ရုရှားသမ္မတ ပူတင် တရုတ်နိုင်ငံ မြို့တော်ဘေကျင်း ကို ရောက်ရှိလာ
- thevoiceofchinland
- May 25
- 1 min read
VOC/ 19 May 2026
ရုရှားသမ္မတ ပူတင်ဟာ အင်္ဂါနေ့ညပိုင်း ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ သူ့ရဲ့တရုတ်ခရီးစဉ်အဖြစ် မြို့တော်ဘေကျင်း ကို ရောက်ရှိလာပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ကိုယ်တိုင် ကော်ဇောနီခင်း ကာ စစ်တီးဝိုင်း အဖွဲ့က ကြိုဆိုခဲ့ကြပါတယ်။ လူငယ်တွေကလည်း တရုတ်နဲ့ ရုရှားအလံတွေ ကိုင်ဆောင် ကြိုဆိုခဲ့ကြပါတယ်။
ပူတင်ရဲ့ ဒီခရီးစဉ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်ရဲ့ မြို့တော်ဘေကျင်း ကို လာရောက်ပြီး ၄ ရက်အကြာမှာ ဖြစ်လာတာပါ။ ဒီ ၂ ရက်ကြာခရီးစဉ်ဟာ သမ္မတပူတင်အတွက် တရုတ်နိုင်ငံကို ၂၅ ကြိမ်မြောက် သွားရောက်မှုလည်း ဖြစ်ပါတယ်။




Comments