top of page

ရုရှား - တရုတ် ဆက်ဆံရေးဟာ မကြုံစဖူးကောင်းမွန်တဲ့အဆင့်မှာ ရှိနေတယ်လို့ သမ္မတနှစ်ဦးတွေ့ဆုံမှုမှာ ပူတင်ပြောဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 20, 2026


ရုရှားသမ္မတ Vladimir Putin ဟာ အင်္ဂါနေ့ ညနေပိုင်းက တရုတ်နိုင်ငံကို ရောက်ရှိလာပြီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ တရုတ်သမ္မတ Xi Jinping နဲ့အတူ ပြည်သူ့ခန်းမကို သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ သမ္မတနှစ်ဦးတွေ့ဆုံမှုမှာ Putin က နှစ်နိုင်ငံဆက်ဆံရေးက မကြုံစဖူး ကောင်းမွန်တဲ့အဆင့်မှာ ရှိနေတယ်လို့ ချီးကျူးပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံပိုင်မီဒီယာများမှာ ဖော်ပြချက်အရ Xi က သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ နှစ်နိုင်ငံဟာ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြန်လည်နိုးကြားလာစေဖို့ အပြန်အလှန်ကူညီသင့်တယ်လို့ ပြောဆိုလိုက်ပြီး ကမ္ဘာကြီးသည် “တောရိုင်းဥပဒေ(ကြီးနိုင်ငယ်ညှင်း)” ကို ပြန်ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုတယ်။ Putin ကလည်း လာမယ့်နှစ်မှာ Xi ကို ရုရှားနိုင်ငံလာလည်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ရုရှားသမ္မတဟာ အမေရိကန်သမ္မတနဲ့ လေးရက်သာ ခြားပြီး ရောက်ရှိခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတ မလာခင်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

Putin က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ အရှေ့အလယ်ပိုင်းအကျပ်အတည်းကြားမှာ မော်စကိုဟာ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ထောက်ပံ့သူ အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးက မကြုံစဖူးအဆင့်မှာ ရှိနေကြောင်း ချီးကျူးဂုဏ်ပြုခဲ့သလို တရုတ်သမ္မတကလည်း ရုရှားသမ္မတကို မိတ်ဆွေဟောင်း (မိတ်ဆွေရင်းချာ)အဖြစ် သုံးနှုန်းခဲ့ပါတယ်။

ရုရှားသမ္မတ ရောက်ရှိနေစဉ်မှာ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံက ဘိုးရင်းဂျက်လေယာဉ် ၂၀၀ ဝယ်ယူမည်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကွာလာလမ်ပူမှာ ရရှိခဲ့တဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို သက်တမ်းတိုးဖို့ ကြိုးစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဆိုပါ ကြေညာချက်ဟာ ထရမ့်က ကြေညာပြီးနောက် တပတ်အကြာမှာ တရုတ်က ထုတ်ပြန်တဲ့ ပထမဆုံးအတည်ပြုချက်ဖြစ်ပါတယ်။


Source - The Guardian



 
 
 

Comments


bottom of page