top of page

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မော်စကိုကို ယူကရိန်းအကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုပြုလုပ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

“ယူကရိန်းသာ မီးဟုန်းဟုန်းတောက်ရင် မော်စကိုလည်း မီးဟုန်းဟုန်းတောက်စေရမယ်လို့ ဟု ဇလန်စကီး သတိပေး”


VOC/ June 18, 2026


ရုရှားရဲ့ ကျူးကျော်စစ်ပွဲကြီးစတင်ချိန်မှစတင်ပြီး ယူကရိန်းဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို အကြီးမားဆုံးတိုက်ခိုက်မှုခဲ့ပြီး ရုရှားမြို့တော်တဝိုက် ပစ်မှတ်တွေကို ဒရုန်း ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

မော်စကိုမြို့တော်ဝန် Andrei Vorobyov ရဲ့ အဆိုအရ ကြာသပတေးနေ့ အရုဏ်တက်ချိန်အထိ ဒရုန်း ၁၉၄ စင်းထက်မနည်းကို ပစ်ချနိုင်ခဲ့ပြီး၊ လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ၂၄ နာရီအတွင်း ယူကရိန်းဘက်က ဒရုန်း ၁၀၀၀ နီးပါးနဲ့ ယူကရိန်းခရုဇ်ဒုံးကျည် ၄ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်မလင်နန်းတော်နဲ့ ၁၅ ကီလိုမီတာအကွာက ရေနံချက်စက်ရုံဟာ တပတ်အတွင်းနှစ်ကြိမ်မြောက်တိုက်ခိုက်ခံရတယ်လို့ ရုရှားသတင်းတွေက ဖော်ပြပါတယ်။ ရုရှားတောင်ပိုင်း Rostov ဒေသရှိ ရေနံသိုလှောင်ရုံတစ်ခုတိုက်ခိုက်ခံရပြီး လူတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် မော်စကိုက အဓိကလေဆိပ်အားလုံးမှာ လေကြောင်းပျံသန်းမှုတွေ ယာယီဆိုင်းငံ့ခဲ့ရတဘ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zalensky ကတော့ အခုလုပ်ရပ်ကို လက်စားချေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး ရုရှားရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာဟာ စစ်ပွဲကို ရပ်တန့်တဲ့ဗျူဟာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းသာ မီးဟုန်းဟုန်းတောက်ရင် မော်စကိုလည်း မီးဟုန်းဟုန်းတောက်စေရမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။


Source - X, BBC, Reuter



 
 
 

Comments


bottom of page