top of page

ရှမ်းတောင်- ကရင်နီနယ်စပ်က တော်လှန်ရေးတပ်တွေစုစည်းပြီး အမှတ်- ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တပ်ပေါင်းစုဖွဲ့စည်း

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 22
  • 1 min read

VOC/ April 22, 2026


ရှမ်းပြည်တောင်ပိုင်း နဲ့ ကရင်နီနယ်စပ်ဒေသမှာအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေစုစည်းပြီး အမှတ် ၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် တရားဝင်ဖွဲ့စည်းခဲ့ကြတယ်လို့ ဧပြီလ ၂၁ ရက်နေ့က ကြေညာလိုက်ပါတယ်။

အမှတ် ၁ အယ်လ်ဖာ စစ်ဒေသ (မိုးဗြဲနယ်) ကို ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် ( KNDF) ရဲ့ ဗျူဟာ အမှတ် (၁) နဲ့ အမှတ် (၈) တို့အပြင် ရှမ်းတောင် - ကရင်နီနယ်စပ် မိုးဗြဲဒေသက PDF တပ်ရင်းတပ်ဖွဲ့ အချို့ နဲ့ Local တပ်ရင်း အချို့တို့နဲ့ စုဖွဲ့ လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ ညီလာခံပြုလုပ်ခဲ့ပြီး တူညီတဲ့ စစ်ရေး၊ နိုင်ငံ ရေးခံယူချက်နဲ့ လူထုအကျိုးကို ရှေ့ရှုနိုင်ဖို့အတွက် အမှတ်- ၁ အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်)ကို ဧပြီလ ၂၀ ရက်နေ့က ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

အမှတ်- ၁ အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) ဟာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ စစ်ရေး၊ နိုင်ငံရေး အုပ်ချုပ်စီမံမှုအောက်မှာ တည်ရှိသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသအဆင့် တပ်စုစည်းမှုကတဆင့် ကရင်နီပြည်တပြည်နယ်လုံးအတိုင်းအတာ တော်လှန်ရေးလက်နက် ကိုင်တွေ စုစည်းကြရမယ့် ညီညွတ်သော ကရင်နီပြည်တပ်လမ်းကြောင်းကို ဦးတည်မယ်လို့လည်း ဆိုပါတယ်။



 
 
 

Comments


bottom of page