top of page

ရွှေကူတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ကိုအထိနာစေတဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုရုပ်သံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 23, 2026


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်အများအပြားသေဆုံးစေတဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းအချို့က ထုတ်ပြန်လာပါတယ်။

ယခုမြင်တွေ့ရတဲ့ရုပ်သံဟာ ရွှေကူမြို့နယ် ငအိုးဒေသနဲ့ ရွှေကူအကြားမှာ ပြုလုပ်ခဲ့တဲ့ အသေခံဒရုန်းစစ်ဆင်ရေးဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၁)နဲ့ ရွှေကူ KPDF ဒရုန်းတပ်ဖွဲ့တို့က ဖော်ဆောင်ခဲ့တာလို့သိရပါတယ်။

ဒီတိုက်ခိုက်မှုရုပ်သံမှာ အကြမ်းဖက်စစ်တပ်တွေနေရာယူထားတဲ့ နေအိမ်၊ ဘန်ကာကျင်းတွေ၊ကားတွေကို အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကိုတွေ့မြင်ရပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးမှုလည်းရှိခဲ့ပါတယ်။


ရုပ်သံ- တမူးခရိုင်၊ အမှတ် ၂ တပ်ရင်း



 
 
 

Comments


bottom of page