ယူအက်ဖ်စီ ပွဲစဉ် 328 မှာ ချင်းဖိုက်တာ Joshua Van က ဂျပန်ဖိုက်တာကို အလဲထိုးဖြင့်အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့
- thevoiceofchinland
- May 14
- 1 min read
VOC/ May 10, 2026
လက်ရှိ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းနွယ်ဖွား Joshua "The Fearless" Van ဟာ UFC ပွဲစဉ် 328 မှာ ချန်ပီယံနေရာကိုစိန်ခေါ်လာတဲ့ ဂျပန်တိုက်ခိုက်ရေးသမား TatsuroTaira ကို အလဲထိုး အနိုင်ယူပြီး ဖလိုင်းဝိတ်တန်းချန်ပီယံနေရာကို ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲစဉ် 328 ကို နယူးဂျာစီပြည်နယ်၊ Newark မြို့၊ The Prudential Centre မှာ ကျင်းပခဲ့တာ ဖြစ်ပြီး Van တို့ပွဲစဉ်ဟာ ဒုတိယအဓိကပွဲစဉ်ဖြစ်ပါတယ်။ ၂၄ နှစ်သာ ရှိသေးတဲ့ Van ဟာ Alexandre Pantoja ကို ပွဲစဉ် 323 မှာ စိန်ခေါ်ပြီး ချန်ပီယံနေရာကို ရယူထားတာ ဖြစ်ပါတယ်။ Van ဟာ ၂၀၂၅ ခုနှစ်အတွက် တစ်နှစ်တာလုံးအအောင်မြင်ဆုံးတိုက်ခိုက်ရေးသမားဆု (Breakout fighter of the year) ကို မဲပေးမှု ၆၉% နဲ့ရရှိထားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ပြိုင်ဖက်ဂျပန်ဖိုက်တာကတော့ ၁၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပြီး ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့အဆင့် ၃ နေရာမှာရှိနေတာဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ UFC သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အာရှတိုက်သား ဖိုက်တာနှစ်ဦးရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်တဲ့ပွဲအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
Source - UFC











Comments