top of page

ယူကရိန်းမြို့တော်ကို ရုရှားက အသံထက်မြန်တဲ့ Hypersonic Oreshnik ဒုံးကျည်များနဲ့ အင်အားသုံးတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 25, 2026


ယူကရိန်းနိုင်ငံရဲ့ ကိယက်ဗ်မြို့တော်ကို မေလ ၂၃ ရက်က ရုရှားစစ်တပ်က အသံထက်မြန်တဲ့ အော်ရက်ရှနစ်(Oreshnik) ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုခဲ့ပြီး လူနှစ်ဦးအနည်းဆုံး သေဆုံးခဲ့ရတယ်လို့ ယူကရိန်းသမ္မတ ကြောင်း ယူကရိန်သမ္မတ Volodymyr Zelenskyy က ပြောဆိုပါတယ်။

ဒါဟာ ရုရှားနဲ့ ယူကရိန်းစစ်ဖြစ်နေတဲ့ လေးနှစ်တာကာလအတွင်း ၃ ကြိမ်မြောက် အသုံးပြုတိုက်ခိုက်တာ ဖြစ်ပါတယ်။

ရုရှားဘက်က ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မြို့တစ်ခုလုံးက အစိုးရရုံးခန်းများ အနီးအနား၊ လူနေအဆောက်အအုံများ၊ စာသင်ကျောင်းများနဲ့ ဈေးတစ်ခုအပါအဝင် အဆောက်အအုံများ ပျက်စီးခဲ့ရကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး လူ ၈၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

ယူကရိန်းလေတပ်ရဲ့ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုမှာ တိုက်ခိုက်ရေးဒရုန်း စုစုပေါင်း ၆၀၀ စင်းနဲ့ ဝေဟင်၊ ရေပြင် နဲ့ ကုန်းပြင်တို့မှ ပစ်လွှတ်တဲ့ ဒုံးကျည် ၉၀ စင်း ပါဝင်ခဲ့ပါတယ်။ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်က ဒရုန်း ၅၄၉ စင်း နဲ့ ဒုံးကျည် ၅၅ စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး လှိုင်းတွေကို နှောင့်ယှက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုံးကျည် ၁၉ စင်းလောက်က ပစ်မှတ်မရောက်ခင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့တိုက်ခိုက်မှုကြောင့် အယ်လ်ဘေးနီးယား နိုင်ငံခြားရေးဝန်ကြီး Ferit Hoxha က တိုက်ခိုက်မှုအတွင်း ယူကရိန်းနိုင်ငံဆိုင်ရာ အယ်လ်ဘေးနီးယား သံအမတ်ကြီးရဲ့ နေအိမ် ထိမှန်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတဲ့အပြင် အခြေအနေကို ပိုဆိုးရွားအောင် အရှိန်မြှင့်လိုက်တယ်လို့ ပြောဆိုပါတယ်။


Source - AP News



 
 
 

Comments


bottom of page