top of page

ယူကရိန်းနိုင်ငံတဝန်း တိုက်ခိုက်ခံရပြီးနောက် Patriot ဒုံးကျည်များ ပေးပို့ကူညီရန် ထရမ့်ကို ယူကရိန်းတောင်းဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • 16 hours ago
  • 1 min read

VOC/ June 2, 2026


ယူကရိန်းနိုင်ငံတဝန်းကို ရုရှားက အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် Patriot ဒုံးကျည်များ ပေးပို့ပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်သမ္မတ Donald Trump ကို တောင်းဆိုခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းကို တစ်ညအတွင်းမှာ ဒုံးကျည် ၇၃ စင်းနဲ့ drone ၆၅၆ စင်း ပစ်ခတ်ခဲ့ပြီး hypersonic Tsirkon ဒုံးကျည်ရှစ်စင်း ပါဝင်ပါတယ်။ အဓိကပစ်မှတ်များမှာ Kiev မြို့၊ အလယ်ပိုင်း Dnipro နဲ့ Zaporizhzhia မြို့များနဲ့ အရှေ့ပိုင်းမြို့များဖြစ်တဲ့ Poltava နဲ့ Kharkiv မြို့များဖြစ်ပါတယ်။

ဆူညံတဲ့ပေါက်ကွဲမှုတွေကြောင့် မြို့တော်တွင်းက ဒေသခံတွေဟာ မြေအောက်ခန်းများ၊ စင်္ကြံများနဲ့ မြေအောက်ရထားဘူတာများမှာ ခိုလှုံနေကြပါတယ်။ Kiev တမြို့ထဲမှာ ကလေးသုံးဦးအပါအဝင် လူခြောက်ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။



 
 
 

Comments


bottom of page