မလေးရှားမှာ ချင်းအမျိုးသားတစ်ဦး လမ်းဖြတ်ကူးစဉ်ယာဉ်တိုက်ခံရလို့သေဆုံး
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 21, 2026
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကပုန်းမြို့မှာနေထိုင်တဲ့ ချင်းအမျိုးသားတစ်ဦးဟာ ယနေ့မနက်စောပိုင်းက အလုပ်ကအပြန် လမ်းဖြတ်ကူးစဉ်မှာ ယာဉ်တိုက်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ် မရာဒေသ အာရူကျေးရွာဇာတိဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ကို Khua Lian ဟာ ယနေ့ ဧပြီလ ၂၁ ရက်မနက်ပိုင်ပိုင်း ၂ နာရီဝန်းကျင်မှာ အလုပ်ဆင်းပြီးနေအိမ်ကိုပြန်လာတဲ့အချိန် လမ်းဖြတ်ကူးစဉ် မတော်တဆ ကားတိုက်ခံရတာလို့ Mara Refugee Committee Malaysia ထံကနေသိရပါတယ်။
လက်ရှိမှာ ကို Khua Lian ရဲ့ ရုပ်အလောင်းကို ဆလန်ဂေါပြည်နယ်ရှိ ဆလာယန်ဆေးရုံမှာထားရှိပြီး၊ မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့မှာ Sungai Buloh သင်္ချိုင်းမှာ မြေမြုပ်သင်္ဂြိုဟ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




Comments