မလေးရှားနိုင်ငံ နယ်စပ်အဝင်မှာ မြန်မာနိုင်ငံသား ၃၇ ဦးဖမ်းဆီးခံရ
- thevoiceofchinland
- Apr 17
- 1 min read
VOC/ April 17, 2026
မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် နယ်စပ်အဝင်လမ်းမှာ ဧပြီလ ၁၆ ရက်နေ့က မြန်မာနိုင်ငံသား ၃၇ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ၂၇ ဦး နဲ့ အမျိုးသမီး ၁၀ တို့ဖြစ်ကြပြီး ထိုင်းနိုင်ငံကနေ မလေးရှားကို အထောက်အထားမပါဘဲ ကားဖြင့် ဝင်ရောက်လာတဲ့အချိန် နယ်စပ်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။
၎င်းတို့ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးအက်ဥပဖြင့် ဆက်လက်အရေးယူနိုင်ရေးအတွက် အိုင်ပီဒီတွန်းပတ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မလေးရှားဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့ ကိုအိုက်လွင်က ဖော်ပြထားပါတယ်။




Comments