မတူပီ နဲ့ ကန်ပက်လက်ကို စစ်တပ်က ဗုံးထပ်ကြဲ
- thevoiceofchinland
- May 25
- 1 min read
VOC/ May 24, 2026
ချင်းပြည်တောင်ပိုင်း မတူပီမြို့ နဲ့ ကန်ပက်လက်မြို့တို့ကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့သိရပါတယ်။
ယနေ့မေလ ၂၄ ရက် မနက် ၉ နာရီကနေ ၁၀ နာရီအတွင်းမှာ မတူပီမြို့တနေရာကို ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်ခန့်လေကြောင်းတိုက်ခိုက်သွားတယ်လို့ ချင်းပြည်တောင်ပိုင်းဒေသလေကြောင်းတိုက်ခိုက်မှုအခြေအနေ ကိုပုံမှန်ဖော်ပြနေတဲ့ HKL Mindat ကဆိုပါတယ်။
ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့ ကန်ပက်လက်မြို့ကိုလည်း မနေ့ညသန်းခေါင်ယံ နဲ့ မနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ခန့်ပြုလုပ်သွားတယ် လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မကွေးတိုင်း ယောဒေသကနေ ချင်းပြည်တောင်ပိုင်း ဒေသကို ထိုးစစ်ဆင်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ အပြင်းအထန်ပြုလုပ်နေတာဖြစ်ပါတယ်။




Comments