မင်းတပ်မြို့အရှေ့ခြမ်းကို စစ်တပ်ကဗုံးထပ်ကြဲ
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 4, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က ယနေ့ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၃ ရက်ည ၁၀ နာရီဝန်းကျင်ကလည်း မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချခဲ့ပြီး Y12 လေယာဉ်ကနေလည်း ၅ လုံးတွဲဗုံးဖြင့် ၈ ကြိမ် ခန့်ဗုံကြဲခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယောဒေသဘက်ကနေ မင်းတပ်မြို့ကို စစ်အင်အားအလုံးအရင်းဖြင့် မြေပြင်ကနေ ထိုးစစ် ဆင်နေပြီး လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲနေတာဖြစ်ပါတယ်။
Video- HKL Mindat




Comments