မင်းတပ်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင် ၁၇၀၀၀ ခန့်ရှိလာဟု ဆို
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူ ၁၇၀၀၀ ဝန်းကျင်ရှိလာပြီလို့ မင်းတပ်စစ်ဘေးရှောင်ကူညီ ရေးအဖွဲ့ က ပြောပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဖြတ်လေးဖြတ်နည်းဗျူဟာစနစ်ဖြင့် ချင်းပြည်တောင်ပိုင်းဒေသကို စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီး မင်းတပ်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်ကော်မတီကဆိုပါတယ်။
ပြီးခဲ့တဲ့မေလ ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ တယ်လို့သိရပါတယ်။
လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ကြောင့် မင်းတပ်မြို့နယ်ထဲမှာ စစ်ဘေးရှောင် ၁၇၀၀၀ ဝန်းကျင်ခန့်ရှိ လာပြီလို့လည်း ဆိုပါတယ်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေကော်မတီရဲ့စာရင်းအရ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ် ဇန်နာဝါရီလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ ၄ နှစ်ကျော်အတွင်းမှာ အရပ်သားပြည်သူ ၇၆၆ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူထဲက ၄၀၀ ကျော်ဟာ ဆေးဝါးပြတ်လတ်၊ နာတာရှည်၊လေဖြတ်ဝေဒနာတွေကြောင့်ဖြစ်ပြီး၊ ၁၀၀ ကျော်ဟာ ဖျားနာ၊ အစာအိမ်၊ ဖောရောင် ဝေဒနာတွေကြောင့်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ ဒါ့အပြင် မွေးကင်းစ၊ အသေမွေး နဲ့ ၃ လအောက်ကလေးငယ်သေဆုံးမှု ၁၄ ခု နဲ့ မီးတွင်းသေဆုံးမှု ၁၇ မှုတို့ရှိခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်က ဒေသခံပြည်သူတွေဟာ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်း စစ်ရေးပဋိက္ခတွေကြောင့် နှစ်ရှည် လများ အကြိမ်ကြိမ်စစ်ဘေးရှောင်ခဲ့ကြပြီး ယခုတစ်ကြိမ်မှာလည်း အချိန်အတော်ကြာ ထပ်ပြီးစစ်ဘေးရှောင်ကြရမယ့် အနေအထားမှာရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီရေးကော်မတီကပြောပါတယ်။
ဒီတစ်ကြိမ် စစ်ဘေးရှောင်တွေ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာ အကူအညီတွေအပေါ်မှာ အများကြီးမူ တည်နေပြီး စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးကြဖို့ မင်းတပ်မြို့နယ်စစ်ဘေးရှောင်ကော်မတီက ထုတ်ပြန်ထား ပါတယ်။
ဓာတ်ပုံ- Mindat Township IDPs Camp Management Committee
ပုံစာ - စစ်ဘေးရှောင်ကြတဲ့ မင်းတပ်မြို့နယ်က ဒေသခံပြည်သူများ (ပုံအဟောင်း)









Comments