top of page

မင်းတပ်မြို့လေကြောင်းတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိဟု ဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • 5 days ago
  • 1 min read

VOC/ May 8, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က ဒီကနေ့မနက်ပိုင်း နဲ့ နေ့လည်ပိုင်းမှာ လေကြောင်းတိုက် ခိုက်မှုပြုလုပ်

သွားပြီး အရပ်သားထိခိုက်သေဆုံးမှု နဲ့ အဆောက်အအုံပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၈ ရက်မနက် ၇ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကြဲခဲ့ပြီးနောက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ မင်းတပ်မြို့က သတင်းရင်းမြစ်ထံကနေသိရပါတယ်။

နေ့လည်ပိုင်း လေကြောင်း တိုက်ခိုက်မှုမှာ မီးလောင်ဗုံးနဲ့အတူ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲခဲ့ပြီး အဆောက်အအုံတချို့ မီးလောင်ပျက်စီးခဲ့သလို ပြည်သူတချို့သေဆုံးမှုရှိတယ်လို့သိရပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါ ဘူး။

မင်းတပ်မြို့ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ CDF- Mindat နဲ့မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး အကြမ်းဖက်စစ်တပ်ဟာ ချင်း-မကွေးအစပ် ဒေသတွေကို စစ်အင်အားဖြည့်တင်းမှုတွေ စစ်ရေးလှုပ်ရှားမှုတွေ လည်း ဆက်တိုက်ပြုလုပ်နေသလို ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ပိုမိုလုပ်ဆောင်လာပါတယ်။



 
 
 

Comments


bottom of page