top of page

မင်းတပ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ၁၀ တန်းကျောင်းသားနဲ့ အသက် ၆၀ ရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ထင်ချောင်းကျေးရွာက လူနေအိမ် ၁၀ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 3, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေက ထင်ချောင်းကျေးရွာက ၁၀ တန်းကျောင်းသားလူငယ်တစ်ဦး နဲ့ အသက် ၆၀ ရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာထဲကနေအိမ် ၁၀ လုံးခန့်ကိုလည်း မီးရှိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ကျောက်ထုမြို့အမြောက်တပ် ၃၆၈ ကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ မေလ ၃၀ ရက်နေ့က ထင်ချောင်းကျေးရွာကိုဝင်ရောက်ပြီး လူနေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မင်းတပ်ဘက်က စစ်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေကိုစောင့်ကြည့်နေတဲ့ HKL က ဖော်ပြပါတယ်။

ဒါ့အပြင် အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသား လူငယ်တစ်ဦး နဲ့ အသက် ၆၀ အရွယ် ရွာခံအမျိုးသားတစ်ဦးကို ရွာထိပ်မှာ ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မကွေးတိုင်း ယောဒေသကနေ မင်းတပ်မြို့ဘက်ကို စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာတာဖြစ်ပြီး မင်းတပ်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ဘေးရှောင်တွေ လည်း ၁၇၀၀၀ ဝန်းကျင်ခန့်ရှိလာတယ်လို့ မင်းတပ်မြို့နယ်စစ်ဘေးရှောင်ကူညီရေးကော်မတီထံကနေသိရပါ တယ်။


Video- HKL Mindat



 
 
 

Comments


bottom of page