မင်းတပ်နဲ့ မတူပီမြို့ လေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက်ပျက်စီးမှုရှိ
- thevoiceofchinland
- May 25
- 1 min read
VOC/ May 20, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ် နဲ့ မတူပီမြို့တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားပြီး ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့ပေါ်တစ်နေရာကို ယနေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဗုံး ၄ လုံးဖြင့် ၂ ကြိမ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
မတူပီမြို့ စန်ဘောင်ရပ်ကွက်ကိုလည်း မနေ့ည ၁၁ နာရီဝန်းကျင်မှာ အကြမ်း ဖက်စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ပြီး မိုးလုံလေလုံအားကစားရုံနဲ့ အ.ထ.က ၂ ကျောင်းဆောင်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Matupi Times




Comments