မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်
- thevoiceofchinland
- Jun 16
- 1 min read
VOC/ June 13, 2026
အကြမ်းဖက်စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတဲ့ ချင်းပြည်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက် မြို့တို့ကို ဒီကနေ့မှာလည်း လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒီကနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံး ၆ လုံးကြဲချခဲ့ တယ်လို့ မင်းတပ်ဒေသခံကပြောပါတယ်။
နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာလည်း ကန်ပက်လက်မြို့အရှေ့ခြမ်းဘက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တယ်လို့ သိရပါ တယ်။
Y8 စစ်ထောက်ပို့လေယာဉ်တစ်စီးဟာလည်း ချင်း-မကွေးအစပ် ကျောက်ထုမြို့လေဆိပ်သို့ ဆင်းသက်ပြီး လူ နဲ့ ခဲယမ်း ရိက္ခာတွေချပေးခဲ့တယ်လို့ သိရပါတယ်။




Comments