မင်းတပ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်
- thevoiceofchinland
- May 18
- 1 min read
VOC/ May 18, 2026
ချင်းလဲန်းကို ကျူးကျော်တိုက်ခိုက်လာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့ကို ယနေ့ညနေ ပိုင်းက ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
ယနေ့မေလ ၁၈ ရက်ညနေပိုင်း ၃ နာရီဝန်းကျင်မှာ မင်းတပ်မြို့ပေါ်တစ်နေရာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားတာလို့ မင်းတပ်မြို့ဒေသခံ HKL Mindat ကဖော် ပြပါတယ်။
မင်းတပ်မြို့ရဲ့ ဘယ်နေရာကို လေကြောင်းတိုက်ခိုက်သွားတယ်ဆိုတာနဲ့ ထိခိုက်ပျက်စီးမှုရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ယောဒေသ ဆောမြို့နယ်ထဲကို စစ်အင်အားအလုံး အရင်းဖြည့်တင်းလာပြီးနောက် ချင်း-မကွေးအစပ်မှာစစ်ရေးလှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မင်းတပ်မြို့ဘက်ကို ဦးတည်လာတာမျိုးမရှိသေးပေမယ့် ကန်ပက်လက်မြို့ဘက်ကိုတော့ အကြမ်းဖက်စစ် တပ်က စစ်ကြောင်းထိုးလာပြီလို့သိရပါတယ်။




Comments