top of page

မင်းတပ်ကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းတိုက်ခိုက်၊ နေအိမ် ၁၀ လုံးကျော်ခန့်ပျက်စီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 7, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ပေါ်တနေရာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲကျခဲ့တယ်လို့ သိရပါတယ်။

ယနေ့ဇွန်လ ၇ ရက်မနက်အစောပိုင်း ၁ နာရီလောက်မှာ နေပြည်တော်လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက် တာ ၂ စင်းက မင်းတပ်မြို့ပေါ်တနေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့်ဗုံးကြဲခဲ့တာလို့ မင်းတပ်ဒေသခံကပြောပါ တယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီးသွားပြီး အရပ်သားထိခိုက်မှုရှိမရှိကိုတော့ မသိရပါ ဘူး။

အလားတူ ယနေ့မနက် ၁၀ နာရီ ၄၇ မိနစ် နဲ့ ၅၄ မိနစ်ဝန်းကျင်မှာလည်း တံတားဦးလေတပ်ကနေတက်လာ တဲ့ ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့တနေရာကို ၂ ကြိမ် ဗုံး ၄ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတပ် နဲ့ ကန်ပက်လက်မြို့တို့ကို စစ်အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် မြေပြင်ကနေ ထိုးစစ်ဆင်နေပြီး လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။


ဓာတ်ပုံ- Hkl Mindat



 
 
 

Comments


bottom of page