top of page

မင်းတပ်ကို စစ်တပ်က ဗုံးထပ်ကြဲ၊ ကန်ပက်လက်ဘက်ကို စစ်အင်အားထပ်မံစေလွှတ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • 16 hours ago
  • 1 min read

VOC/ June 2, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြု လုပ်ခဲ့ပြီး ကန်ပက်လက်မြို့ဘက်ကိုလည်း စစ်အင်အားထပ်မံစေလွှတ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၆ နာရီကနေ ၆ နာရီခွဲခန့်အထိ မင်းတပ်မြို့တစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်၊ ဗုံး ၈ လုံးကြဲချခဲ့တယ်လို့ မင်းတပ်ဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အကြမ်းဖက်စစ်တပ်ဟာ ယောဒေသ ဆော်မြို့ နဲ့ ကျောက်ထုမြို့တို့မှာ စစ်အင်အားအလုံးအရင်းစေလွှတ်ပြီး ယောဒေသ နဲ့ မင်းတပ် ၊ ကန်ပက်လက်မြို့တို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ကျောက်ထုအမြောက်တပ်ကနေ အင်အား ၅၀၀ ခန့်ကို ဆောမြို့သို့ ထပ်မံစေလွှတ်ပြီး အဲဒီထဲက အင်အား ၃၀၀ ခန့်ဟာ ဆောမြို့ကနေ ကန်ပက်လက်မြို့ဘက်ကို မနေ့ဇွန်လ ၁ ရက်နေ့ကတက်သွားကြတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့ဘက်မှာတော့ မေလကုန်ပိုင်းကစပြီး ယနေ့ချိန်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါ တယ်။



 
 
 

Comments


bottom of page