မင်းတပ်ကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ထပ်ကြဲ
- thevoiceofchinland
- Jun 12
- 1 min read
VOC/ June 12, 2026
စစ်ရေးအခြေအနေပြင်းထန်နေတဲ့ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မကွေးလေတပ်ကနေ တက်လာတဲ့ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့ပေါ်တနေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ တိုက် ခိုက်သွားပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ မင်းတပ်ဒေသခံကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မင်းတပ် နဲ့ ကန်ပက်လက်မြို့ဘက်ကို စစ်အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် မြေပြင်စစ်ကြောင်း ကနေ အပြင်းအထန်ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း နေ့ညမပြတ် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ဘက်က တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က သေဆုံးမှုများပြီး အထိနာနေတာကြောင့် လေကြောင်းကနေ အပြင်းအထန်ဆက်တိုက်ဗုံးကြဲနေတာလို့ သိရပါတယ်။
ချင်း-မကွေးအစပ်ဘက်မှာလည်း စစ်အင်အားတွေထပ်မံစေလွှတ်နေပြီး လောင်းရှည်ဘက်ကနေ စစ်အင်အား ၂၀၀ ကျော် နဲ့ ကား ၇ စီး ဆောမြို့ဘက်ကို ဦးတည်ထွက်လာတယ်လို့ သိရပါတယ်။




Comments