မက္ကဆီကိုမှ အမေရိကန်ကို ပေါက်တဲ့မြေအောက်ဥမင်လမ်းကြောင်းတစ်ခုကို မက္ကဆီကိုအာဏာပိုင်များ ရှာတွေ့
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 2, 2026
မက္ကဆီကိုအာဏာပိုင်တွေက အမေရိကန်-မက္ကဆီကို နယ်စပ် တီဟွာနာ - Tijuana မှာ ၈၆၉ ပေ ရှည်တဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဥမင်က ဆန်ဒီယေဂိုရှိ လူသိများတဲ့လမ်းတစ်လမ်းနဲ့ ချိတ်ဆက်ထားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်-မက္ကဆီကို နှစ်ဖက်စလုံးက ရဲများဟာ ဒီမြေအောက်လမ်းကြောင်းကို စုံစမ်းနေပြီး ဒီလမ်းဟာ အမေရိကန်အထိ ရောက်အောင်ကျယ်ပြန့်နိုင်တယ်လို့ ယုံကြည်ရပါတယ်။
ဒီဥမင်ကို စနေနေ့က မက္ကဆီကို ရေတပ်အကူအညီနဲ့ ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီလမ်းကြောင်းဟာ မြေပြင်အောက် ပေ ၂၁ ခန့်တွင် တည်ရှိပါတယ်။ ရထားလမ်းကြောင်းများ၊ လေဝင်လေထွက်စနစ်များပါ ပါရှိပြီး မကြာသေးခင်ကလည်း အခုလို မြေအောက်လမ်းကြောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်းမှာ ရဲအရာရှိတွေဟာ ကျည်ဆန်များ၊ ဆဲလ်ဖုန်းများ၊ ဘဏ်ကတ်များ၊ ဒစ်ဂျစ်တယ်ဗီဒီယိုမှတ်တမ်းတင်စက်နဲ့ မက်သမ်ဖက်တမင်းဆေးပြားများစွာ အပါအဝင် ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။




Comments