top of page

မြန်မာနွယ်ဖွား ချင်းနဲ့ကရင်များနေထိုင်ရာ အင်ဒီယာနာပိုလစ်မြို့က Greentree လူနေအိမ်ယာ မီးလောင်မှုဖြစ်ပွား

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 18
  • 1 min read

VOC/ May 18, 2026


အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပိုလစ်မြို့က Greentree Apartment မီးလောင်မှုမှာ မီးငြိမ်းသတ်ဖို့ ကြိုးစားရင်း မီးသတ်သမားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ Greentree Apartment မှာ Madison Avenue နဲ့ Greentree လမ်းထောင့်မှာ တည်ရှိပြီး မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသားများနဲ့ ကရင်တိုင်းရင်းသားများ နေထိုင်ကြတယ်လို့ သိရပါတယ်။

မေလ ၁၇ ရက်နေ့ နေ့လည် ၁၂း၁၉ မှာ လောင်ကျွမ်းခဲ့ပြီး အင်ဒီယာနာပိုလစ်မီးသတ်ဌာနနဲ့အတူ ဂရင်းဝုမီးသတ်ဌာနလည်း ကူညီငြိမ်းသတ်ခဲ့ပါတယ်။


Source - Fox 59 News, thaw htoo



 
 
 

Comments


bottom of page