top of page

မြန်မာနိုင်ငံသား ၈ ဦးကို မီဇိုရမ်ကနေထွက်ခွါဖို့ YMA ညွှန်ကြား

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 26, 2026


မီဇိုရမ်ပြည်နယ်မှာ ဒေသခံပြည်သူတွေကို လိမ်လည်လှည့်ဖြားမှုလုပ်ဆောင်နေတယ်ဆိုပြီး မြန်မာနိုင်ငံသား ၈ ဦးကို မီဇိုရမ် ပြည်နယ်ကနေ ထွက်ခွါသွားဖို့ မီဇိုးလူငယ်အသင်း YMA က အသိပေးညွှန်ကြား ထားတယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ Bethel ရပ်ကွက် YMA ရဲ့ထုတ်ပြန်ချက်အရ အဆိုပါမြန်မာနိုင်ငံသား ၈ ဦးမှာ စစ်ဘေး ရှောင်ရင်း စီးပွားရေးလုပ်နေကြသူတွေဖြစ်ကြပြီး ကျန်ဖိုင်း၊ အိုင်ဇောလ်နဲ့ အခြားသောကျေးရွာတွေမှာ ဒေသခံပြည် သူတွေကို လိမ်လည်လှည့်ဖြားနေကြတယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာမှာ လိမ်လည်လှည့်ဖြားမှုကျူးလွန်ရာကနေ စုံစမ်းဖော်ထုတ်ပြီး မနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံကာ ယခုသီတင်းပတ်အတွင်း မီဇိုရမ်ပြည်နယ်ကနေ အပြီးအပိုင် ထွက်ခွါ သွားကြဖို့ အသိပေးညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Bethel YMA ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီမြန်မာနိုင်ငံသား ၈ ဦးဟာ ဒေသခံပြည်သူတွေကို ဘယ်လိုမျိုးလိမ်လည် လှည့်ဖြားမှုတွေကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘဲ ဧည့်သည်အဖြစ်လက်မခံကြဖို့ နဲ့ ရပ်ကွက် အတွင်း နေထိုင်ခွင့်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

ခုလိုမောင်းထုတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေကတော့ Dalsiamsum ၊ Liansiansian ၊ Pa Sing ၊ Nangkhankham၊ Khupsuanmung ၊ Tuangsianmung ၊ Dalsianlian နဲ့ Pausiankhai တို့ဖြစ်ကြပါတယ်။



 
 
 

Comments


bottom of page