မုန်တိုင်းကြောင့် လေထဲကို ပေ ၅၀ လောက်ပါသွားပြီး ပြုတ်ကျတဲ့အမျိုးသား အသက်ရှင်လျက်ရှိ (ရုပ်သံ)
- thevoiceofchinland
- May 16
- 1 min read
VOC/ May 16, 2026
အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်၊ Bareilly ခရိုင်အတွင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် Nanhe Miyan ဆိုသူ အမျိုးသားတစ်ဦးဟာ ပေ ၅၀ အမြင့်ကနေ လွင့်စင်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က အားကောင်းတဲ့ မုန်တိုင်းတစ်ခုတိုက်ခိုက်မှုကြောင့် Bamiyana ရွာမှာ နေထိုင်နေတဲ့ အမျိုးသားတစ်ဦးဟာ သူနေထိုင်တဲ့ သံဖြူတဲတစ်ခုနဲ့အတူ လေထဲကို ပေ ၅၀ နီးပါး လွင့်စင်သွားတာကို ရုပ်သံမှတ်တမ်းတွေအရ တွေ့ရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် သူရော သံပြားတွေပါ လွင့်စင်သွားချိန်မှာ ကြိုးတစ်ချောင်းကို ကိုင်ထားခဲ့တယ်လို့ သူက ပြောပါတယ်။ သူ့ရဲ့ လက်နဲ့ ခြေထောက်မှာ အရိုးများ ကျိုးခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။
"အမြင့် ပေ ၃၀ မှ ၄၀ အထိ ရှိပါတယ်။ ကျွန်တော် ဘယ်က ပြုတ်ကျသွားမှန်း မသိပါဘူး။ ကျွန်တော် အနည်းဆုံး ပေ ၅၀ လောက်မှာ ရှိနေခဲ့တယ်" လို့ သူက NDTV ကို ပြောဆိုသွားပါတယ်။ ကြိုးကို ကိုင်ထားရင်ေဘးကင်းမယ်ထင်ေပမယ့် ကြိုးပြတ်သွားတယ်လို့လည်း သူက ဆိုပါတယ်။ အာဏာပိုင်တွေကတော့ သူ့အတွက်လိုအပ်တဲ့ အကူအညီများ ပေးမယ်လို့ ဆိုထားပါတယ်။
Source - NDTV




Comments