top of page

မြိုင်မြို့နယ် ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က မီးရှို့

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 5, 2026


မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ၂ ရွာက နေအိမ် ၇၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံကနေသိရပါတယ်။

မြိုင်စက်မှု ၂ လို့ လူသိများတဲ့ မြိုင်မြို့နယ်အခြေစိုက် အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံ (တကစ-၃) က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာကနေအိမ် ၄၅ လုံးကို မနေ့ဇွန်လ ၄ ရက်နေ့က မီးရှို့ခဲ့တာလို့ အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ ၁ ရက်နေ့ကလည်း အဆိုပါစစ်ကြောင်းက ကုန်းရွာကျေးရွာကို ဝင်ရောက်ကာ နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်၊ အသက် ၅၀ ကျော်အရွယ် ဒေသခံအမျိုးသားနှစ်ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ် သွားတယ်လို့ ဆိုပါတယ်။

မြိုင်စက်မှု ၂ ကနေထွက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းကြောင့် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ တစ်သောင်းကျော် ဟာ နေရပ်စွန့်ခွါတိမ်းရှောင်နေကြရပြီး အမိုးအကာ နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေကြတယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page