ဘရာဇီးလ်လက်ရွေးစင်အသင်း၏ လေယာဉ်ကို ရီယိုဒီဂျနေးရိုးမြို့ရှိ ဂါလီယောင်း (Galeão) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရေအမြောက်ဖြင့် ပက်ဖျန်း
- thevoiceofchinland
- Jun 5
- 1 min read
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်က Newark မြို့ကို သို့ မထွက်ခွာမီ ဘရာဇီးလ်လက်ရွေးစင်အသင်း၏ လေယာဉ်ကို ရီယိုဒီဂျနေးရိုးမြို့ရှိ ဂါလီယောင်း (Galeão) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရေအမြောက်ဖြင့် ပက်ဖျန်းကာ "ဗတ္တိဇံမင်္ဂလာ" ပြုလုပ်ခဲ့ကြပါတယ်။ လေဆိပ်မီးသတ်ကား နှစ်စီးက လေယာဉ်ပေါ်သို့ ကံကောင်းခြင်းများ သယ်ဆောင်လာပေးသည့်အနေဖြင့် ကြီးမားလှသော ရေပြွန်ခုံးကြီးများဖြင့် အပြန်အလှန် ပက်ဖျန်းပေးခဲ့ကြပါတယ်။
၁၉၃၀ ပြည့်နှစ် ဖီဖာ (FIFA) ကမ္ဘာ့ဖလား စတင်ကျင်းပချိန်ကတည်းက ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလား ၅ ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးအသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၂၄ နှစ်တောင် ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း လေဆိပ်က ထွက်ခွာကတည်းက အသင်းအတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာနိုင်ဖို့ ဒီလို ရိုးရာဆုတောင်းမှုနဲ့အတူ အစပြုခဲ့တာ ဖြစ်ပါတယ်။




Comments