top of page

ဘရာဇီးက ရဟတ်ယာဉ်မတော်တဆမှုမှာ အမေရိကန်အဆိုတော် Oliver Tree ကွယ်လွန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 15, 2026


အမေရိကန်အဆိုတော် Oliver Tree ဟာ ဘရာဇီးက ရဟတ်ယာဉ်မတော်တဆမှုမှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၃၂ နှစ်သာ ရှိသေးပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ ရဟတ်ယာဉ်နှစ်စီးကောင်းကင်မှာ မတော်တဆ တိုက်မိခဲ့ပြီး ပျက်ကျခဲ့ကာ Tree အပါအဝင် လိုက်ပါလာတဲ့ လူ ၆ ဦးလုံး သေဆုံးခဲ့တယ်လို့ ဘရာဇီးသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

တိုက်မိတဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဘရာဇီးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ Tree ဟာ World Tour ဖျော်ဖြေပွဲတွေအတွက် ဘရာဇီးကို ရောက်ရှိနေတာဖြစ်ပါတယ်။ အတူလိုက်ပါလာသူတွေထဲမှာ ဘရာဇီးနိုင်ငံသား ဂီတထုတ်လုပ်သူ၊ အာဂျင်တီးနားနိုင်ငံသား ဒါရိုက်တာ၊ အာဂျင်တီးနားနိုင်ငံသား Youtuber တစ်ဦးဖြစ်ပြီး Gaspi လို့ လူသိများတဲ့ Gaspar Prim တို့ ပါဝင်ပါတယ်။

Tree ဟာ ၂၀၂၄ ခုနှစ်က Miss You သီချင်းနဲ့ UK Single Chart မှာ နံပတ် ၃ ချိတ်ခဲ့ပြီး international song Brit award ဆန်ကာတင်စာရင်းဝင်ခဲ့သလို ၂၀၂၀ တုန်းကလည်း ၄.၁၆ မီတာမြင့်တဲ့ စကူတာ စီးပြရာက ဂင်းနက်စ်စံချိန်တင်ခဲ့ဖူးပါတယ်။


Source - The Guardian



 
 
 

Comments


bottom of page