top of page

ဘရာဇီးကို ရှုံးနိမ့်ပြီး နောက်ဆုံး အာရှကိုယ်စားပြုအသင်း ဂျပန် ကမ္ဘာ့ဖလားကနေထွက်ခွါရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

(Brazil 2-1 Japan)


VOC/ Sports/ June 30, 2026


၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့် ပွဲစဉ်မှာ ဘရာဇီးအသင်းက ဂျပန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ဂျပန်အသင်းက ပွဲချိန် ၂၉ မိနစ်တွင် Kaishu Sano ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၆ မိနစ်မှာ Casemiro က ခေါင်းတိုက်ဂိုးနဲ့ ချေပခဲ့ပြီး၊ နာကျင်ချိန် ၉၅ မိနစ်မှာ Bruno Guimarães ရဲ့ ဖန်တီးပေးမှုကနေ Gabriel Martini က အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ပွဲပြီးချိန်မှာ ဂျပန်ကစားသမားတွေဟာ ပရိသတ်တွေရှိရာကို သွားရောက်ပြီး ခါးကို နက်နက်ရှိုင်းရှိုင်း ကိုင်းညွှတ်ကာ တောင်းပန်ခဲ့ကြသလို၊ Ao Tanaka အပါအဝင် ကစားသမားအများအပြား မျက်ရည်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့ကြပါတယ်။ ပရိသတ်တွေကလည်း လက်ခုပ်တီးအားပေးရင်း မျက်ရည်ကျခဲ့ကြတာကြောင့် ကွင်းအတွင်း ကြေကွဲဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ဂျပန်အသင်းဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ အနိုင် မရသေးတဲ့ မှတ်တမ်းကို ဆက်လက်ရင်ဆိုင်ခဲ့ရပြီး၊ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကျန်ရှိနေတဲ့ နောက်ဆုံး အာရှကိုယ်စားပြုအသင်းလည်း ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ Hajime Moriyasu က “ရည်မှန်းချက်ကို မအောင်မြင်ခဲ့ပေမယ့် နောက်ကမ္ဘာ့ဖလားအတွက် ဆက်ကြိုးစားသွားမယ်” လို့ ပြောကြားခဲ့ပါတယ်။

ရလဒ်က နာကျင်စရာဖြစ်ခဲ့ပေမယ့် ဘရာဇီးလို ကမ္ဘာ့အင်အားကြီးအသင်းကို ၉၅ မိနစ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဂျပန်အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ ကမ္ဘာတစ်ဝန်း ဘောလုံးပရိသတ်တွေရဲ့ လေးစားချီးကျူးမှုကို ရရှိခဲ့ပါတယ်။



 
 
 

Comments


bottom of page