ဘော့စနီးယား အနီကတ်ထိပြီးနောက် ဂိုးမိုးရွာသွန်း၊ မန်ဇမ်ဘီ ၂ ဂိုးသွင်းကာ ဆွစ်ဇာလန် ၄-၁ ဖြင့် အနိုင်ရ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ Sports/ June 19, 2026
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (B) ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ဘော့စနီးယားကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရေး အခွင့်အရေးကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ပွဲချိန် ၇၄ မိနစ်အထိ ဂိုးမရှိသရေကျနေခဲ့ပေမယ့် နောက်ဆုံး ၁၆ မိနစ်အတွင်း ၅ ဂိုးအထိ သွင်းယူခဲ့ကြပါတယ်။ ပွဲရဲ့ အလှည့်အပြောင်းကတော့ မိနစ် ၈၀ မှာ ဘော့စနီးယား နောက်တန်းခံစစ် မူဟာရီမိုဗစ် အနီကတ်ပြခံရခြင်း ဖြစ်ပြီး၊ အဲဒီနောက် ဆွစ်ဇာလန်က ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။
လူစားဝင် အသက် ၂၀ အရွယ် မန်ဇမ်ဘီက ၂ ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ တစ်ပွဲတည်း ၂ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး လူစားထိုးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဆွစ်ဇာလန်အတွက် ကျန်ဂိုးတွေကို ရူဘင် ဗားဂတ်စ်နဲ့ ဂရန်နစ် ဇာခါတို့က သွင်းယူခဲ့ပြီး ဘော့စနီးယားရဲ့ တစ်လုံးတည်းသောဂိုးကို အာမင် မာမစ်က ရယူခဲ့ပါတယ်။
တစ်ဖက်မှာလည်း အိမ်ရှင် ကနေဒါက ကာတာကို ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂျိုနသန် ဒေးဗစ်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အုပ်စု (B) မှာ ကနေဒါနဲ့ ဆွစ်ဇာလန်တို့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိလာပြီ ဖြစ်ပါတယ်။
Source: ESPN, FOX Sport




Comments