top of page

ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၂၃၅ ဦးနဲ့ ဒဏ်ရာရသူ တစ်ထောင်ကျော်ရှိလာ** အမေရိကန်က ဗင်နီဇွဲလား ငလျင်ဘေးအတွက် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မည်ဟု ထရမ့်ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 25, 2026


ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် နှစ်ကြိမ်ကြောင့် အနည်းဆုံး လူ ၂၃၅ ဦးသေဆုံးကာ ၁၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ ပြိုကျနေသော အဆောက်အအုံများအောက်မှာ လူအများအပြား ပိတ်မိနေဆဲဖြစ်တယ်လို့ ဗင်နီဇွဲလားအစိုးရက ကြေညာပါတယ်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်တွေဟာ နှစ်ပေါင်းတစ်ရာကျော်အတွင်း နိုင်ငံရဲ့ အပြင်းထန်ဆုံးငလျင်တွေမှာ ပါဝင်ပြီး နိုင်ငံတဝန်းလုံးလှုပ်ခတ်ခဲ့ပါတယ်။ နိုင်ငံရဲ့ အဓိကလေဆိပ် ပျက်စီးခဲ့ပြီး မြို့တော်က ကီလိုမီတာ ၁,၇၀၀ (မိုင် ၁၀၅၀) အကွာရှိ ဘရာဇီးနိုင်ငံ အမေဇုန်ဒေသအထိ လှုပ်ခတ်ပြီး ဘေးလွတ်ရာကို‌ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ယာယီသမ္မတ Delcy Rodríguez က အာဏာပိုင်တွေဟာ နိုင်ငံရဲ့တခြားဒေသတွေက ကယ်ဆယ်ရေးအဖွဲ့တွေကို ကာရာကတ်စ်မြို့မြောက်ဘက် ကမ်းရိုးတန်းရှိ လာဂွါအီရာသို့ ရွှေ့ပြောင်းနေတယ်လို့ ကြေညာပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် အရှိန်မြှင့်တင်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ Donald Trump က ငလျင်ဒဏ်ခံခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်အနေဖြင့် “ကူညီရန် အပြည့်အဝ အသင့်ရှိသည်” ဟု ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ Delcy Rodríguez ၏ ပြောကြားချက်အရ ယခုငလျင်ကြောင့် လူ ၁၆၄ ဦး သေဆုံးပြီး ၉၇၁ ဦး ဒဏ်ရာရရှိခဲ့ကာ နိုင်ငံ၏ ရာစုနှစ်အတွင်း အပြင်းထန်ဆုံး ငလျင်များထဲမှ တစ်ခုဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကလည်း Delcy Rodríguez နှင့် ဆွေးနွေးခဲ့ပြီး အမေရိကန်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ဗင်နီဇွဲလားသို့ စေလွှတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


Source - AP News



 
 
 

Comments


bottom of page