ဗင်နီဇွဲလား ငလျင်ကြောင့် လူ ၉၂၀ ကျော်သေဆုံး၊ ၃,၃၀၀ ကျော် ဒဏ်ရာရ
- thevoiceofchinland
- Jun 30
- 1 min read
VOC/ International/ June 26, 2026
ဗင်နီဇွဲလားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိ ငလျင်နှစ်ခုကြောင့် အနည်းဆုံး လူ ၉၂၀ သေဆုံးပြီး ၃,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။
ငလျင်ဟာ ဗင်နီဇွဲလားကမ်းရိုးတန်းအနီး လှုပ်ခတ်ခဲ့ပြီး မြို့တော် ကာရာကတ်စ်မှာ အဆောက်အအုံအချို့ ပြိုကျခဲ့သလို လူအများအပြားလည်း လမ်းမတွေပေါ်ကို ထွက်ပြေးခဲ့ကြရပါတယ်။
ယာယီသမ္မတ Delcy Rodríguez က ပြိုကျနေတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ အရှိန်မြှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ နိုင်ငံတဝန်းက ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ကာရာကတ်စ်မြို့မြောက်ဘက် ကမ်းရိုးတန်းရှိ La Guaira ဒေသကို ထပ်မံစေလွှတ်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငလျင်ဒဏ်ခံခဲ့ရတဲ့ ဗင်နီဇွဲလားကို အမေရိကန်အနေနဲ့ “ကူညီဖို့ အပြည့်အဝ အသင့်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကလည်း Delcy Rodríguez နဲ့ ဆွေးနွေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ဗင်နီဇွဲလားနိုင်ငံဆီ စေလွှတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: AP News




Comments