ဗြိတိန်နှင့် ပြင်သစ် လေတပ်က အမေရိကန် လွတ်လပ်ရေး ၂၅၀ နှစ်ပြည့်အထိမ်းအမှတ်အတွက် လေကြောင်းပြသမှုများဖြင့် ဂုဏ်ပြု
- thevoiceofchinland
- Jun 30
- 1 min read
VOC/ International/ June 25, 2026
အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးခဲ့သည့် ၂၅၀ နှစ်ပြည့် (America250) အထိမ်းအမှတ်ပွဲများကို ဂုဏ်ပြုရန် ဗြိတိန်တော်ဝင်လေတပ် (RAF) ၏ နာမည်ကျော် Red Arrows အဖွဲ့နှင့် ပြင်သစ်လေတပ် တိုက်လေယာဉ်အဖွဲ့များက အမေရိကန်နိုင်ငံတွင် လေကြောင်းပြသမှုများ ပြုလုပ်လျက်ရှိပါတယ်။
RAF Red Arrows အဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့က ဝါရှင်တန်ဒီစီရှိ Nationals Park အားကစားကွင်းအပေါ်မှ ပျံသန်းဂုဏ်ပြုခဲ့ပြီး၊ ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ မတိုင်မီ ကျင်းပမည့် America250 အခမ်းအနားများတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ပါတယ်။ ထို့အပြင် ဇူလိုင် ၄ ရက်တွင် နယူးယောက်မြို့အပေါ်၌ နိုင်ငံတကာ ပူးတွဲလေယာဉ်ပျံသန်းပြသမှုတစ်ရပ်ကိုလည်း ပြုလုပ်ရန် စီစဉ်ထားပါတယ်။
Operation Eagle Hawk ဟု အမည်ပေးထားသည့် အဆိုပါခရီးစဉ်အတွင်း Red Arrows အဖွဲ့သည် Maryland၊ Michigan၊ Maine နှင့် Wisconsin အပါအဝင် ပြည်နယ်အများအပြားရှိ လေကြောင်းပြပွဲများတွင် ပါဝင်သွားမည်ဖြစ်ပါတယ်။ Hawk T1 လေယာဉ်များ၏ ပျံသန်းနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကြောင့် အတ္တလန္တိတ်သမုဒ္ဒရာကို တိုက်ရိုက်မဖြတ်နိုင်ဘဲ အဆင့်လိုက် ခရီးဆက်
တစ်ဖက်တွင်လည်း ပြင်သစ်လေတပ် တိုက်လေယာဉ်များက ဇွန်လ ၂၂ ရက်နေ့တွင် ဝါရှင်တန်ဒီစီအပေါ်မှ ပျံသန်းဂုဏ်ပြုခဲ့ပြီး၊ အမေရိကန်နှင့် ပြင်သစ်တို့အကြား သမိုင်းဝင် မဟာမိတ်ဆက်ဆံရေးကို အလေးပြုသည့် အစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ပြင်သစ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံသည် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးခဲ့သည့် ၂၅၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း လေကြောင်းပြသမှုများ၊ သမိုင်းပြပွဲများ၊ စေတနာ့ဝန်ထမ်းအစီအစဉ်များနှင့် အထူးအခမ်းအနားများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားမည်ဖြစ်ပါတယ်။
Source: X




Comments