ဖလမ်းမြို့မှာ စစ်ဆင်ရေး ၇ လကြာသွားရောက်ခဲ့တဲ့ CDF-Matupi တပ်ဖွဲ့ဝင်များ ဌာနချုပ်သို့ပြန်ရောက်
- thevoiceofchinland
- May 7
- 1 min read
VOC/ May 6, 2026
ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့စစ်ဆင်ရေးမှာ ၇ လကြာတိုက်ပွဲဝင်ခဲ့တဲ့ CDF-Matupi တပ်ဖွဲ့ဝင်တွေဟာ မေလ ၄ ရက်နေ့က ဌာနချုပ်သို့ပြန်လည်ရောက်ရှိလာကြပြီး ပြည်သူတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။
CDF-Matupi တပ်ဖွဲ့ဟာ ဖလမ်းမြို့ကို ခုခံကာကွယ်တဲ့ စစ်ဆင်ရေးမှာ အခြားသော ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူ ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ နဲ့ ကျဆုံးရဲဘော်တွေလည်းရှိခဲ့ပါတယ်။
ဖလမ်းစစ်ဆင်ရေးကနေ ပြန်လည်ရောက်ရှိလာကြတဲ့ ရှေ့တန်းပြန်ရဲဘော်တွေကို မတူပီကောင်စီအကြီးအကဲတွေ၊ CDF-Matupi အကြီးအကဲတွေနဲ့ ဒေသခံပြည်သူတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။




Comments