ဖလမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်လှုပ်ရှားမှုပြ မြေပုံ
- thevoiceofchinland
- Apr 23
- 1 min read
VOC/ April 23, 2026
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်ရဲ့တစ်ခုတည်းသော လေဆိပ်တည်ရှိရာ ဖလမ်းမြို့ကို အကြမ်း ဖက်စစ်တပ်က ၂၀၂၅ ခုနှစ်အောက်တိုဘာလကုန်ပိုင်းကနေ ကလေး-တီးတိန်-သိုင်းငင်း-ဝေဘူလ လမ်းကြောင်း ဘက်ကနေ စစ်အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးလာခဲ့ပါတယ်။
ဖလမ်းမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလာတာ ခုဆိုရင် ၆ လထဲရောက်ရှိလာပြီဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို တဖြည်းဖြည်းနဲ့ နီးကပ်လာနေပြီး လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက် ခိုက်မှုတွေလည်း ပြုလုပ်နေပါတယ်။
ယခုမြင်တွေ့နေရတဲ့ မြေပုံကတော့ အကြမ်းဖက်စစ်တပ်တွေ ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေဆိပ်ကို ချဉ်းကပ်လာပုံ နဲ့ ယနေ့လေကြောင်းဗုံးကြဲမှုအခြေအနေတွေကိုဖော်ပြထားခြင်းဖြစ်ပါတယ်။




Comments