top of page

ဖလမ်းမှာ နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင်တစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ ခြေတဖက်ပြတ်သွား

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 15, 2026


ချင်းပြည် ဖလမ်းမြို့နယ် Sumhrang ကျေးရွာမှာ စစ်ဘေးရှောင်ကနေ နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသား တစ်ဦး မြေမြုမိုင်းနင်းမိလို့ ခြေထောက်တဖက်ပြတ်သွားတယ်လို့ သိရပါတယ်။

အသက် ၅၇ နှစ်အရွယ်ရှိတဲ့ Pu San Thang ဟာ ဇွန်လ ၁၃ ရက်နေ့က စစ်ဘေးရှောင်ကနေ Sumhrang ကျေးရွာကို ပြန်လာတဲ့အချိန်မှာ မြေမြုပ်မိုင်း နင်းမိခဲ့တာလို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

လက်ရှိမှာတာ့ ဟားခါးမြို့ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ခြေထောက်တဖက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

ဖလမ်းမြို့ကနေ ၁၄ မိုင်ခန့်ကွာဝေးတဲ့ Sumhrang ကျေးရွာဟာ အကြမ်းဖက်စစ်တပ်တွေ ဖလမ်းမြို့ကို ကျူးကျော် သိမ်းပိုက်ဖို့ တက်လာတဲ့အချိန်မမှာ ၇ လနီးပါးခန့် စခန်းချခြေကုတ်ယူထားတဲ့ဒေသဖြစ်ပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်တွေဟာ Sumhrang ကျေးရွာမှာမရှိတော့ပေမယ့် သူတို့ထောင်ထားတဲ့ မြေမြုပ် မိုင်းအများအပြားရှိနေနိုင်တာကြောင့် ပြည်သူတွေသတိထားကြဖို့ လိုအပ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါ တယ်။

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ် ငလိုင်ကျေးရွာမှာလည်း ဇွန်လ ၁၃ ရက်မနက်ပိုင်းက စစ်ဘေးရှောင်ရာကနေ နေရပ်ပြန်လာတဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းကြောင့် လူသေဆုံးသူစံချိန်သစ်နဲ့ ဆီးရီးယားနဲ့ အာဖဂန် နစ္စတန်နိုင်ငံတို့ကိုကျော်လွန်ပြီး ကမ္ဘာမှာ ထိပ်ဆုံးနိုင်ငံဖြစ်လာနေပါတယ်။



 
 
 

Comments


bottom of page