ဖလမ်းကို အကြမ်းဖက်စစ်တပ်က မြေပြင် နဲ့ဝေဟင်သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 20, 2026
ချင်းပြည် ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က မြေပြင်ကနေထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ယနေ့ဧပြီလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ဖလမ်းမြို့အနီး ဗားရ်တံတား နဲ့ ခွန်းလီကျေးရွာဘက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာအပါအဝင် Y 12 ထောက်ပို့လေယာဉ်တွေနဲ့ ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက နေသိရပါတယ်။
တံတားဦးလေတပ်ကနေ တက်လာတဲ့ Y12 ထောက်ပို့လေယာဉ်ဟာ မနက် ၅ နာရီ နဲ့ ၆ နာရီကြားမှာ ဗာရ်းတံတား ပတ်ဝန်းကျင်ကို ဗုံးအလုံး ၃၀ ကျော်ကြဲချခဲ့ပြီး မနက် ၈ နာရီ နဲ့ ၉ နာရီကြားမှာ ကလေးလေဆိပ်ကနေ တက်လာတဲ့ Y12 လေယာဉ်က ခွန်းလီကျေးရွာအနီးတဝိုက်ကို ဗုံးအလုံး ၈၀ ဝန်ကျင်းခန့် ကြဲချခဲ့တာလို့ ဖလမ်းဖက်ကလာတဲ့ သတင်းတွေကဖော်ြပပါတယ်။
ဖလမ်းမြို့နယ် ပါရ်သဲကျေးရွာကိုရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဧပြီလ ၁၉ ရက်နေ့က မဏိပူရမြစ်ကမ်း ကူးတံတား ဗာရ်းကို ရောက်ရှိသွားပြီလို့လည်းသိရပါတယ်။ ဗာရ်းတံတားဟာ ကလေးမြို့ကနေ ဖလမ်းမြို့ကို သွားရာ မှာ အဓိကကျတဲ့တံတားတစ်စင်းဖြစ်ပြီး ဗာရ်းတံတားကနေ ဖလမ်းမြို့ကို ၄၅ မိနစ်ဝန်းကျင်သာ သွားရပါတယ်။
ခွန်းလီဘက်ကတော့ အကြမ်းဖက်စစ်တပ်တွေ အခိုင်အမာတပ်စခန်းချထားတဲ့ဒေသဖြစ်ပြီး ချင်းတော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့နေဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ ကလေးမြို့ကနေ သိုင်းငင်းဘက်ကို စစ်ကူတွေထပ်မံစေလွှတ်လာတယ်လို့သိရပြီး ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေယာဉ်ကွင်းကို သိမ်းပိုက်ဖို့ မြေပြင် နဲ့ ဝေဟင်ကနေပါ သာလွန်အင်အားတွေနဲ့ အပြင်းအထန်တိုက်ခိုက် နေတာဖြစ်ပါတယ်။
၅ လကျော်ရှိလာပြီဖြစ်တဲ့ ဖလမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်း ဖလမ်းမြို့ နဲ့ ဆူရ်းဘုန် လေယာဉ်ကွင်း အကြမ်းဖက်စစ်တပ်လက်ထဲပြန်လည်မကျရောက်စေဖို့အတွက် အပြင်းအထန်ခုခံတိုက်ခိုက်နေကြ ပါတယ်။




Comments