top of page

ဖားကန့်မှာ အကြမ်းဖက်စစ်တပ်က ပုဂ္ဂလိကဆေးရုံကိုဝင်စီးပြီး ဆရာဝန်နဲ့ ဆေးရုံဝန်ထမ်းအပါဝင် လူပေါင်း ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 22
  • 1 min read

VOC/ April 22, 2026


ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာမှာရှိတဲ့ မိုင်ဆေးရုံကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆရာဝန်တွေအပါအဝင် ဆေးရုံဝန်ထမ်း ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ကချင်ဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။

ဧပြီလ ၂၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဆရာဝန်၊ ဆေးရုံး ဝန်ထမ်း၊ လူနာနဲ့ လူနာစောင့်စုစုပေါင်း ၂၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ Kachin News Group ကဖော်ပြပါတယ်။

မိုင်ဆေးရုံကို ဝင်စီးတဲ့ စစ်ကြောင်းဟာ အောင်ရာရွာထဲ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ သူ့လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ ဆရာဝန် နဲ့ ဆေးရုံဝန်ထမ်းတွေကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာမသိရဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်တွေဟာ မိုင်ဆေးရုံကနေ ငွေသား၊ Starlink အင်တာနက်၊ Iphone ဖုန်း ၁၀ လုံးလည်း သိမ်းယူသွားတယ်လို့ သိရပါတယ်။

မိုင်ဆေးရုံဟာ ဖားကန့်မြို့နယ်ထဲက ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့ ဆေးရုံတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။



 
 
 

Comments


bottom of page