top of page

ဖားကန့်မြို့နယ်မှာ ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ချင်းကလေးငယ်တစ်ဦးသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 22
  • 1 min read

VOC/ April 19, 2026


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်း၊ မလန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ချင်းကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၁၉ ရက် မနက် ၄ နာရီဝန်းကျင်မှာ လုံးခင်၊ မလန်းကျေးရွာထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က သေနတ်ရမ်းသမ်းပစ်ခတ်လို့ ချင်းလူမျိုး အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့တာလို့ ကချင်ဘက်က စစ်ရေးအခြေအနေကို ပုံမှန်တင်ဆက်နေတဲ့ Lung Jung LA N က ဖော်ပြပါတယ်။

ဒါ့အပြင် ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဆိုင်းတောင်၊ မော်ကလင်ကျေးရွာက အရပ်သား တစ်ဦး ထိမှန် သေဆုံးခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေတင်းမာပြီး ထိတွေ့မှုတွေလည်းရှိ နေတယ်လို့သိရပါတယ်။


 
 
 

Comments


bottom of page