ပထမဆုံး အာရှအသင်းအဖြစ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် တက်ရောက်လာတဲ့ ဂျပန်
- thevoiceofchinland
- Jun 30
- 1 min read
(Japan 1-1 Sweden)
VOC/ Sports/ June 25, 2026
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျပန်အသင်းနဲ့ ဆွီဒင်အသင်းတို့ ၁-၁ ဂိုး သရေကျခဲ့ပြီး နှစ်သင်းစလုံး ရှုံးထွက် ၃၂ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဂျပန်အသင်းဟာလည်း ၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်တဲ့ ပထမဆုံး အာရှအသင်း အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ဂျပန်အသင်းအတွက် ပွဲချိန် ၅၆ မိနစ်မှာ တိုက်စစ်မှူး ဒိုင်ဇန် မာအဲဒါ (Daizen Maeda) က အသင်းဖော်တွေရဲ့ လှပတဲ့ ပူးပေါင်းကစားမှုကနေ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့်၊ မကြာခင်မှာပဲ ဆွီဒင်တောင်ပံကစားသမား အန်သိုနီ အီလန်ဂါ (Anthony Elanga) က အဝေးကန်ချက်လှလှနဲ့ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။
တစ်ချိန်တည်း ယှဉ်ပြိုင်ခဲ့တဲ့ အခြားပွဲမှာ နယ်သာလန်အသင်းက တူနီးရှားကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပြီး ဂျပန်က ဒုတိယ၊ ဆွီဒင်က တတိယနေရာဖြင့် နောက်တစ်ဆင့်တက်ရောက်ခဲ့ပါတယ်။
ဂျပန်အသင်းဟာ Group F တွင် နယ်သာလန်နှင့် ၂-၂ သရေ၊ တူနီးရှားကို ၄-၀ ဂိုးဖြင့် အနိုင်၊ ဆွီဒင်နှင့် ၁-၁ သရေ ရလဒ်များဖြင့် အုပ်စုဒုတိယနေရာ ရယူခဲ့ပြီး ရှုံးထွက် ၃၂ သင်းအဆင့်တွင် ဘရာဇီးလ်အသင်းနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဆွီဒင်အသင်းကတော့ အခြားအုပ်စုရလဒ်များပေါ်မူတည်ပြီး ပြင်သစ် သို့မဟုတ် နော်ဝေးအသင်းတို့အနက် တစ်သင်းနှင့် တွေ့ဆုံကစားရဖွယ်ရှိပါတယ်။
Source: Fx Sport, X




Comments