ပါရာဂွေးကို အိမ်ရှင်အမေရိကန်အသင်း ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူ
- thevoiceofchinland
- Jun 16
- 1 min read
VOC/ Sports/ June 13, 2026
၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်အသင်းဟာ လော့စ်အိန်ဂျယ်လိစ်ကွင်းမှာ ပါရာဂွေးဘောလုံးအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။
ပွဲစချိန် ၇ မိနစ်မှာ ပါရာဂွေးဘက်က ဒေမီယန်ဘိုဘာဒီလာက Own Goal သွင်းမိတဲ့အတွက် အမေရိကန်အသင်းက ဦးဆောင်နေခဲ့ပြီး ပွဲချိန် ၃၁ မိနစ်နဲ့ ပထမပိုင်း နာကျင်ချိန်ပို ပြီးကာနီးမှာ အမေရိကန်အသင်းဘက်က ဖိုလာရင်ဘာလိုဂန်က ၂ ဂိုးသွင်းခဲ့တဲ့အတွက် အမေရိကန်အသင်းက ၃-၀ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းပွဲစဉ် ၇၃ မိနစ်မှာတော့ ပါရာဂွေးအသင်းဘက်က မော်ရီစီယိုက ၁ ဂိုးပြန်လည်သွင်းယူတာကြောင့် ၃-၁ ဂိုးဖြစ်နေပြီး ဒုတိယပိုင်းပွဲစဉ် မိနစ် ၉၀ အပြီး နာကျင်ချိန်ပို ၈ မိနစ်မှာတော့ အမေရိကန်အသင်းဘက်က ဂျီယိုဗန်နီရေနာက နောက်ထပ် ၁ ဂိုး သွင်းယူလိုက်တာကြောင့် ၄-၁ ဂိုးနဲ့ အမေရိကန်အသင်းဘက်က အနိုင်ရရှိပါတယ်။
ဒီပွဲစဉ်မှာ အမေရိကန်အသင်းဘက်က ဘောလုံးပိုင်ဆိုင်မှု ၆၃ % အထိရှိပြီး ဂိုးသွင်းခွင့်လည်း ၁၇ ကြိမ် ရခဲ့ပါတယ်။ အုပ်စု B ရဲ့တခြားပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်ကနေဒါနဲ့ ဘောစနီးယားနှင့်ဟာဇီဂိုးဗီးနားတို့ရဲ့ ပွဲစဉ်မှာ ၁-၁ ဂိုးနဲ့ သရေကျခဲ့တာကြောင့် အမေရိကန်ဟာ အုပ်စု B ရဲ့ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။
ပါရာဂွေးကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဂိုး ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဖိုလာရင် ဘာလိုဂန်ကလည်း နှစ်ဂိုးသွင်းပြီး ၁၉၃၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲတစ်ပွဲမှာ နှစ်ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အမေရိကန်ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်အသင်းဟာ ၁၉၃၀ ခုနှစ်က ပါရာဂွေးကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲတစ်ပွဲကို သုံးဂိုးကွာနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
မေရိကန်အသင်းဟာ လာမဲ့ သောကြာနေ့တွင် ဆီယက်တဲလ်မြို့၌ သြစတြေးလျအသင်းနှင့် ဒုတိယမြောက် အုပ်စုပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Fox Sport




Comments