ပွဲပြီးကာနီး ချေပဂိုးသွင်းယူခဲ့ပြီး သရေတမှတ်အရယူခဲ့တဲ့ ဆာမူရိုင်း ဂျပန် (ဂျပန် ၂- ၂ နယ်သာလန်)
- thevoiceofchinland
- Jun 16
- 1 min read
VOC/ Sports/ June 15,2026
တနင်္ဂနွေနေ့ (ဇွန်လ ၁၄ ရက်)က AT&T အားကစားကွင်းမှာ ဂျပန်အသင်းဟာ နယ်သာလန်အသင်းကို နှစ်ဂိုးစီသရေကျပြီး ဂျပန်အသင်းပရိသတ်များကို နောက်ဆုံးအကြိမ်အထိ ကြိုးစားမှုမလျှော့တဲ့ ဆာမူရိုင်းစိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်။
Hajime Moriyasu ရဲ့ အသင်းဟာ အုပ်စု F ပွဲစဉ်မှာ အဖိုးတန်အမှတ်တစ်မှတ်ကို ရယူဖို့ နှစ်ကြိမ်တိုင်တိုင် နောက်မှလိုက်ကစားခဲ့ပါတယ်။
ပထမပိုင်းမှာ နယ်သာလန်အသင်းရော ဂျပန်အသင်းပါ ဂိုးမရရှိခဲ့ဘဲ ဒုတိယပိုင်း ၅၁ မိနစ်မှာမှ နယ်သာလန်အသင်းခေါင်းဆောင် Virgil van Dijk က ခေါင်းတိုက်ဂိုးသွင်းပြီး ဦးဆောင် ခဲ့ပါတယ်။ နောက် ၆ မိနစ်အကြာမှာ ဂျပန်အသင်းက Keito Nakamura က အနိမ့်ကန်ချက်နဲ့ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
၆၄ မိနစ်မှာ နယ်သာလန်တောင်ပံကစားသမား Crysencio Summerville က ဂျပန်အသင်းက Zion Suzuki ကို ကျော်ဖြတ်ပြီး ဒုတိယဂိုးကို သွင်းယူခဲ့ပေမယ့် ပွဲပြီးကာနီး ၈၉ မိနစ်မှာတော့ ဂျပန်ကွင်းလယ်ကစားသမား Daichi Kamada ဂိုးသွင်းယူနိုင်ခဲ့ပြီး အဖိုးတန်သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။




Comments