top of page

ပေါ်တူဂီအသင်းက ချီလီကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိ၊ ချီလီနောက်ခံလူ နှင့် ရာဖေးလ် လည်ပင်းချင်းညှစ် မျက်နှာကို ထိုးနှက်/ပါးရိုက်ခဲ့သဖြင့် နှစ်ဦးစလုံးကို အနီကတ်ပြခံရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 6 2026


ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချီလီနဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ပေါ်တူဂီတိုက်စစ်မှူး ရာဖေးလ် လီယာအို (Rafael Leão) ကတော့ ပြိုင်ဘက်ကစားသမားကို လက်သီးနဲ့ထိုးခဲ့တာကြောင့် ကွင်းထဲကနေ မောင်းထုတ်ခြင်း ခံခဲ့ရပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး လီယိုနှင့် ချီလီနောက်ခံလူ အိုင်ဗန် ရိုမန် (Iván Román) တို့ဟာ ကွင်းလယ်တွင် အချင်းများခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး လည်ပင်းချင်းညှစ်သည်အထိ အခြေအနေ တင်းမာခဲ့ပါတယ်။

ထို့နောက် လီယိုက ရိုမန်၏မျက်နှာကို ထိုးနှက်/ပါးရိုက်ခဲ့သဖြင့် ရိုမန် ကွင်းအတွင်း လဲကျသွားခဲ့တဲ့ အတွက် ဒိုင်လူကြီးဖြစ်သူက ဗီဒီယိုအကူအညီ (VAR) ဖြင့် ပြန်လည်စစ်ဆေးပြီးနောက် ကစားသမားနှစ်ဦးစလုံးကို အနီကတ်ပြား ပြသကာ ကွင်းပြင်သို့ ထုတ်ပယ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ခရစ်စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။ သူ့အစား ဝင်ရောက်ကစားခဲ့တဲ့ ဂွန်ကာလို ဂီဒက်စ် (Gonçalo Guedes) က ပေါ်တူဂီအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ပွဲကစားချိန် ၇၅ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) က ပေါ်တူဂီအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ ချီလီအသင်းအတွက် လူကပ်စ် ဆီပီဒါ (Lucas Cepeda) က ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ကွင်းအတွင်း ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့သော်လည်း ပေါ်တူဂီအသင်းသည် ဂွန်ကာလို ဂီဒက်စ်နှင့် ဘရူနို ဖာနန်ဒက်စ်တို့၏ သွင်းဂိုးများဖြင့် ချီလီအသင်းကို ၂ - ၁ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ပေါ်တူဂီအသင်းဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်၊ ကွန်ဂိုတို့နဲ့အတူ အုပ်စု (K) မှာ ကျရောက်နေပြီး ဇွန်လ ၁၇ ရက်နေ့ ဟူစတန်မြို့မှာ ကွန်ဂိုအသင်းနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင် (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ရောက်ကစားတဲ့ စံချိန်တင်မှတ်တမ်းကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားမှာ အသက် ၂၁ နှစ်အရွယ်နဲ့ ပွဲဦးထွက်ကစားခဲ့ပြီး၊ ၆ ပွဲကစား၊ ၁ ဂိုးသွင်းကာ ပေါ်တူဂီကို စတုတ္ထနေရာရအောင် ကူညီပေးခဲ့ပါတယ်။

​၁၆ နှစ်အကြာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာတော့ ဂါနာနဲ့ပွဲ စဉ် ၆၅ မိနစ်မှာ ပင်နယ်တီ သွင်းယူနိုင်ခဲ့လို့ "ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံး အမျိုးသားကစားသမား" အဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ယခုအခါ ကမ္ဘာ့ဖလားပြိုင်ပွဲပေါင်း ၆ ကြိမ်အထိ ပါဝင်ခွင့်ရရှိထားပြီ ဖြစ်ပါတယ်။


Source: X



 
 
 

Comments


bottom of page